ပြင်ဦးလွင် ၈ အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ မြို့မဈေးကြီးငွေစုငွေချေးသမဝါယမအသင်း သည် ကိုဗစ်-၁၉ ကာလအတွင်း ဒုတိယအကြိမ်အဖြစ် ဈေးသူဈေးသားသမဝါယမအသင်းသားများနှင့် မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းဝန်ထမ်းများ စုစုပေါင်းဦးရေ ၇၇၀ ကျော်ကို တစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၁၅၀ ကျော်ကို အောက်တိုဘာ ၈ ရက် နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

 “ ယခုဆိုလျှင် သမဝါယမအသင်းသားတွေနဲ့ ဝန်ထမ်းတွေကို ထောက်ပံ့တာ ၂ ကြိမ် ရှိပါပြီ၊ ခုလို ကိုဗစ်-၁၉ ကာလမှာ ပထမအကြိမ် နဲ့ ဒုတိယအကြိမ်ထောက်ပံ့ငွေ စုစုပေါင်းကျပ်သိန်း ၃၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်” ဟု ဈေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးထွန်းမြင့်က ပြောသည်။

 

MDN