ပြင်ဦးလွင် ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အပတ်စဉ် (၁၁) ဘက်စုံ သားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိက ဩဝါဒစကားပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက ထူးချွန်ဆုရသင်တန်းသူများနှင့် ဗမာစာပေထူးချွန်ဆုရ သင်တန်းသူများအား ဆုများပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်ယူမည့် သင်တန်းသူများက ကတိပြုပြီး ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းခံရသူများက “သူနာပြုသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။ ထို့နောက် ဘက်စုံသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်း ခံရသူများအား ကျောင်းအုပ်က ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခဲ့ကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)