ပြင်ဦးလွင် ၂၅  ဩဂုတ် 

 

ကိုဗစ်-၁၉ ရောဂါ  စီးပွားရေး ကုစားမှု  (CERP) အစီအစဉ်အရ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် "Covid-19 စီးပွားရေးကုစားမှု"(CERP)အရ တစ်နိုင်ငံလုံး၌ မိုးစပါး မျိုးစေ့ထုတ် ဧကများစွာ စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ရာ ပြင်ဦးလွင်မြို့နယ်အတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိုးစပါး မျိုးစေ့ထုတ်ဧက စုစုပေါင်း (၅၁) ဧကအတွက် ပထမအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး  ကျပ်သိန်း ၄၂၅၈၅၀၀ တိတိအား မျိုးစေ့ထုတ်တောင်သူများ လက်ဝယ်သို့ထောက်ပံ့ ပေးအပ်ခဲ့သည်။ 

 

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်မင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ဝက်ဝံဈေးကုန်းကျေးရွာ၊ ညောင်ပင်သာ ၊ ညောင်သာယာ၊ ကျွန်းတပင်၊ ချိုးင်းရွာ၊ ရေသရောက်ကုန်း နှင့် မြိုင်ကြီးကျေးရွာတို့မှ တောင်သူ (၂၀) တက်ရောက်ခဲ့ကြောင်း သိရသည်။


 
မြတ်ဆုမွန် (ပြင်ဦးလွင်ပြန်/ဆက်)