ပြင်ဦးလွင်    ၂၁   ဇူလိုင်      

 

ပြင်ဦးလွင်မြို့နယ်အတွင်း   ကိုဗစ် - ၁၉  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးညွှန် ကြားချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိကို  ယနေ့နံနက်ပိုင်းက  မန္တလေး - လားရှိုးလမ်းဘေး ဝဲ၊ ယာ တစ်လျှောက်ရှိ  စားသောက်ဆိုင်များအား  ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ နှင့်  ဒေသခံပြည်သူများပူးပေါင်း၍  ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။ 

 

ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ  / မရှိ ကို  မြို့နယ်အဆင့် စစ်ဆေးပြီးသော စားသောက်ဆိုင်များအား  ခရိုင်ပြန်လည် စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာသန်းဝင်းနှင့် အဖွဲ့တို့မှ  ဆိုင်အတွင်း / အပြင်ရှိ ဈေးရောင်း / ဈေးဝယ်များအတွက်  ပြင်ဆင်ဆောင်ရွက်ထားရှိ မှုများကို  စနစ်တကျစစ်ဆေးပြီး လိုအပ်ချက်များ ထပ်မံဖြည့်စွက်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်