ပြင်ဦးလွင် ၂၁ ဇူလိုင်
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးညွှန် ကြားချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိကို ယနေ့နံနက်ပိုင်းက မန္တလေး - လားရှိုးလမ်းဘေး ဝဲ၊ ယာ တစ်လျှောက်ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။
ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိ ကို မြို့နယ်အဆင့် စစ်ဆေးပြီးသော စားသောက်ဆိုင်များအား ခရိုင်ပြန်လည် စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာသန်းဝင်းနှင့် အဖွဲ့တို့မှ ဆိုင်အတွင်း / အပြင်ရှိ ဈေးရောင်း / ဈေးဝယ်များအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိ မှုများကို စနစ်တကျစစ်ဆေးပြီး လိုအပ်ချက်များ ထပ်မံဖြည့်စွက်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


