ပြင်ဦးလွင်  ၁၀ ဇွန်      

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက  ညောင်ကုန်းကျေးရွာရှိ၊ ကျေးလက်ကျန်းမာရေးဌာန၌ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူပေါင်းကာ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကိုဆက်လက် ဆောင်ရွက်လျက်ရှိသည်။

 

ကလေးငယ်များ  ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးဉီးစွာ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက  မိခင်နှင့်ကလးတို့အား ကျန်းမာရေးဆိုင်ရာများ  စစ်ဆေး၍  ကလေးအသက် ( ၂ ) လ၊ ( ၄ ) လ၊ ( ၆ ) လ၊ ( ၉ ) လ နှင့်  (၁) နှစ်ခွဲ အရွယ်များတွင်  ဉီးနှောက်တီဘီရောဂါ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါ ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့ - ကြက်ညှာ - မေးခိုင် -  အသည်းရောင်အသားဝါ (ဘီ) - ဦးနှောက်အမြှေးရောင် ( ငါးမျိုးစပ်ကာကွယ်ဆေး )၊  ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးနှင့်  ၀က်သက် - ဂျိုက်သိုးရောဂါကာကွယ်ဆေး စသည့်  ကာကွယ်ဆေးများထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ 

 

အဆိုပါ ကလေးငယ်များ  ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများ  ဆောင်ရွက်ရာတွင် ကျန်မာရေးညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပညာပေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပေးခဲ့ပြီး  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရသည်။

 

ဇော်မျိုးထိုက်(ပြင်ဦးလွင်)