ပြင်ဦးလွင် ၁၀ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ညောင်ကုန်းကျေးရွာရှိ၊ ကျေးလက်ကျန်းမာရေးဌာန၌ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူပေါင်းကာ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကိုဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးဉီးစွာ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက မိခင်နှင့်ကလးတို့အား ကျန်းမာရေးဆိုင်ရာများ စစ်ဆေး၍ ကလေးအသက် ( ၂ ) လ၊ ( ၄ ) လ၊ ( ၆ ) လ၊ ( ၉ ) လ နှင့် (၁) နှစ်ခွဲ အရွယ်များတွင် ဉီးနှောက်တီဘီရောဂါ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါ ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ (ဘီ) - ဦးနှောက်အမြှေးရောင် ( ငါးမျိုးစပ်ကာကွယ်ဆေး )၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးနှင့် ၀က်သက် - ဂျိုက်သိုးရောဂါကာကွယ်ဆေး စသည့် ကာကွယ်ဆေးများထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကလေးငယ်များ ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်မာရေးညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပညာပေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက်(ပြင်ဦးလွင်)


