ပြင်ဦးလွင် ၁၁ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေ တောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူထားသော ကျွဲ၊ နွား တိရစ္ဆာန်များ ရောဂါကင်းဝေးစေရန်အတွက် ကျွဲ၊နွား အကောင်ရေ ၈၀ အား လည်ချောင်းကွဲ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဩဂုတ် ၉ ရက်နံနက်၇ နာရီမှစ၍ ညောင်နီ ကျေးရွာအုပ်စု ရွှေမြင့်သာ ကျေးရွာအတွင်း ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ ခေတ္တမြို့နယ် ဦးစီးမှူး ဒေါက်တာခိုင်မိုးအေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သား များပါဝင်ပြီး ညောင်နီကျေးရွာအုပ်စု၊ ရွှေမြင့်သာ ကျေးရွာအတွင်းရှိ ကျွဲ၊ နွား အကောင်ရေ ၈၀ အား ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြတ်ဆုမွန်