မန္တလေး ၆  ဇူလိုင်

 

ပန်းချီဆရာ ဇင်လင်းယု၏ တတိယအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲ (THE THIRD ACCENT SOLO EXHIBITION) ကို ဇူလိုင် (၁၃)ရက်မှ (၁၅)ရက်ထိ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ပန်းချီပြခန်း (Mandalay Hill Art Gallery) တွင် နံနက်(၉)နာရီမှ ညနေ (၅)နာရီထိ ပြသမည်ဟု သိရှိရသည်။ ပန်းချီပြပွဲဖွင့်ပွဲကို ဇူလိုင်လ (၁၃)ရက် နံနက်(၉)နာရီတွင် မန္တလေးတောင်ပန်းချီပြခန်းတွင် ပြုလုပ်မည်ဟု သိရှိရသည်။

 

ပန်းချီဆရာ ဇင်လင်းယုကို ၁၉၇၇ခုနှစ်၊ ဇူလိုင်လ၊ (၁၃)ရက်တွင် မွေးဖွားသည်။ ပန်းချီရေးဆွဲခြင်းပညာကို မန္တလေးမြို့ Fine Art School တွင် သင်ယူခဲ့သည်။ ပထမအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲကို (၂၀ဝ၂)ခုနှစ်တွင် မန္တလေးတွင် ပြသခဲ့သည်။ ဒုတိယအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲကို (၂၀ဝ၄)ခုနှစ်တွင် မန္တလေးတွင် ပြသခဲ့သည်။ ယခုတတိယအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲကို မန္တလေးတောင်ပန်းချီပြခန်းတွင် ကျင်းပခြင်းဖြစ်သည်။

 

ပြပွဲတွင် ပန်းချီကား (၅၀)ကျော် ပါဝင်ပြသမည်ဖြစ်ပြီး ပန်းချီအမျိုးအစားများမှာ အခရိုက်လစ်နှင့် ဘောပင်ဖြင့် ရေးဆွဲထားသည်ဟု သိရှိရသည်။ ပြပွဲကိုနေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ ပြသမည်ဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်ထားသည် ဟုသိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)