“ပန်းခင်း”စီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးအပ်

ကျိုင်းတုံ အောက်တိုဘာ ၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း”စီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီက ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်အုပ်စုရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် ကတ်ထိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူ အသက် (၁၀)နှစ်ပြည့် အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၀ စုစုပေါင်း ၇၅ ဦးတို့ကို မှတ်ပုံတင်ကတ်ပြား ထုတ်ပေးခြင်း (နိုင်၃-က)၊  အသက်(၁၈)နှစ် ပြည့်ပြီးသူ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၄၆ ဦးတို့ကို မှတ်ပုံတင်ကတ်ပြား လဲလှယ်ခြင်း (နိုင်၆-က)များ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့ကြသည်။

 

ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရန်  ၂၀၂၂ ခုနှစ် ဩဂုတ် ၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

 

စိုင်းရွှေအောင် (ခရိုင် ပြန်/ဆက်)