ရန်ကုန် ၆ ဇွန်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် (၄၉)လမ်းထောင့်၊ ကွက်သစ်လမ်းတစ်လျှောက်၊ သဇင်လမ်းဝတ်ကျောင်းလမ်းထိပ်ရှိ ပျံကျဈေးသည်များ စည်ကမ်းမဲ့ဈေးရောင်းချမှု မရှိစေရေးအတွက် သတိပေးဆိုင်းဘုတ်များကို ယနေ့နံနက် ၉ နာရီတွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆာင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မြတ်သူ၊ အုပ်ချုပ်ရေးမှူး ဦစစ်မြင့်၊ အဖွဲ့ဝင်(၁) ဦးမင်းဇော်နှင့် အဖွဲ့ဝင်(၂) ဦးညီညီအောင်တို့မှ ကြီးကြပ်ပြီး မြို့နယ်စည်ပင်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)