နေပြည်​တော် ​​အောက်တိုဘာ  ၂၅

ပြန်ကြား​​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​မောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia  သည်    ယ​နေ့ ည​နေပိုင်းတွင် ပြန်ကြား​ရေးဝန်ကြီးဌာန၌ လာ​ရောက်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်  မြန်မာ-တရုတ် မီဒီယာကဏ္ဍ ပိုမိုပူး​ပေါင်း​​​ဆောင်ရွက်​ရေး၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန်လည်ပတ်​နိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်းသာမက ပြည်သူအချင်းချင်းပါ ပိုမို ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိ​စေ​ရန်အတွက်   မီဒီယာကဏ္ဍမှလိုအပ်သည်များ ​ကြိုးပမ်း ဆောင်ရွက်​ရေးတို့နှင့် စပ်လျဉ်း၍ ​​ဆွေး​နွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး ဦးရဲတင့်၊  အမြဲတမ်းအတွင်းဝန်နှင့်  ဌာနဆိုင်ရာအကြီးအကဲများ တက်​ရောက်ခဲ့ကြသည်။

သတင်းစဉ်