နေပြည်တော် အောက်တိုဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia သည် ယနေ့ ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် မီဒီယာကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန်လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်းသာမက ပြည်သူအချင်းချင်းပါ ပိုမို ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိစေရန်အတွက် မီဒီယာကဏ္ဍမှလိုအပ်သည်များ ကြိုးပမ်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


