ရန်ကုန် ၁၁ မေ 
    

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြသည်။
    

အစည်းအဝေးတွင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့်် B.O.T စနစ်ဖြင့် ဂေါက်ကွင်းနှင့် တည်းခိုဆောင်လုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်း (၂)ခုအား ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်း (၂)ခု၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၄)သန်းနှင့် ကျပ်သန်းပေါင်း ၈၈၀ဝ ရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၁၇)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ 


(သတင်းစဉ်)