ရန်ကုန် မတ် ၄
ပညာရေး၀န်ကြီးဌာန (၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို ရန်ကုန်တက္ကသိုလ်၌ ကျင်းပ၍ သုတေသနစာတမ်းများကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့တွင် မတ် ၉ ရက်မှ ၁၁ ရက်အထိ ဖတ်ကြားသွားမည်ဖြစ်သည်။
(၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံတွင် ဝိဇ္ဇာပညာရပ်ဆိုင်ရာစာတမ်း (၁၁၉) စောင်နှင့် သိပ္ပံပညာရပ်ဆိုင်ရာ စာတမ်း (၁၅၅) စောင်တို့ကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာနှင့်သိပ္ပံခန်းမများတွင် ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်ခန်းမတွင် စာတမ်း (၂၈) စောင်၊ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးစိတ်ပညာဆိုင်ရာစာတမ်း (၇၀) စုစုပေါင်းစာတမ်း (၃၇၂) စောင်တို့ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
