နေပြည်တော် ၁၁ ဇူလိုင်
ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ အခြေခံပညာမူလတန်းကျောင်း (ဘောဂဝတီ)၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကံ့ကော်ပင်ကို စိုက်ပျိုးကြသည်။
ယင်းနောက် ကြွရောက်လာသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များ၊ ကျောင်းသားကျောင်းသူများက သစ်ပင်ပန်းမန်များကို စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသည့် ပညာရေးဝန်ကြီးဌာန သစ်ပင်စိုက်ပွဲတော်တွင် မဟော်ဂနီ၊ ကံကော်၊ ခရေ၊ ပိတောက်၊ ကျွန်း၊ ပျဉ်းကတိုး စသော ရတနာတန်းဝင်အပင်များနှင့် အခြားသော သစ်ပင်ပန်းမန်များကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


