နေပြည်တော်  ၂ ဇူလိုင် 
    
နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ပြောင်း လဲရေး လုပ်ငန်းစဉ် အစီအစဉ်(၂)  (TVET Reform Program Phase II) ဆောင်ရွက် နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့်် လေ့ကျင့်ရေးဦးစီး ဌာနနှင့် ဂျာမနီနိုင်ငံ German Development Bank (KfW) တို့အကြား လက်မှတ် ရေးထိုးချုပ်ဆိုမည့် ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက် (Financing Agreement) နှင့် သီးခြားသဘောတူညီချက်(Separate Agreement) များ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

8609

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက  KfW ၏ အထောက်အပံ့ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်၊ ရွှေပြည်သာ)၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (ရွာမ)တို့တွင်လည်း TVET Reform Program Phase I ကိုစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအခါ (TVET Reform Program Phase II) အားစတင်ဆောင်ရွက်နိုင် တော့မည်ဖြစ် ပါကြောင်း၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန အောက်ရှိ သိပ္ပံ၊ ကျောင်း၊ သင်တန်းဌာနများတွင် အမှန်တကယ် လိုအပ်နေသည့် အဆင့် မြင့်သင် ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးမှု အစီအစဉ်ဖြစ်သည့်အတွက် TVET ကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် များစွာအထောက်အကူဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံ၏ TVET ကဏ္ဍဖွံ့ဖြိုးတိုးတက်စေ၍လုပ်ငန်းခွင်၊ ဈေးကွက်နှင့်ကိုက်ညီသည့် လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးနိုင်ပြီးအလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာ စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် Dr. Katharina Spiess ( Head of Development Cooperation, KfW )နှင့် Dr.ChristineHeimburger (Director,East Asia and Pacific, KfW )တို့က အမှာစကားပြောကြားသည်။

ယင်းနောက် ယူရို(၁၀)သန်းခန့် ထောက်ပံ့မည့် သဘောတူညီချက်များအား နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့် နှင့် Dr.ChristineHeimburger (Director,East Asia and Pacific, KfW ) တို့က လက်မှတ် ရေးထိုးကြသည်။

ပညာရေးဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိအစိုးရ စက်မှုလက်မှုသိပ္ပံ(မန္တလေး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း( မန္တလေး၊ တောင်ကြီး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း)တို့တွင် သင်ကြားမှုအခွင့်အလမ်းများပိုမိုမြှင့်တင်နိုင်ရန်နှင့် အရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယူရို(၈) သန်းခန့် သက်ထောက်ကူပစ္စည်း များ၊ သင်ကြားရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကိုစနစ်တကျ ဖြည့်ဆည်းနိုင်မည့် အပြင် ယူရို(၂)သန်းခန့်ဖြင့် အဆိုပါဖြည့်ဆည်းမည့် သင်ထောက်ကူ ပစ္စည်းများနှင့် သက်ဆိုင်သော ဆရာ ဆရာမ အရည်အသွေးမြှင့်တင်မှု သင်တန်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)