ရန်ကုန် ဇူလိုင် ၂၀

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဝန်ထမ်းများ၏ သား/သမီးများ အား၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးနှင့် ရိုးရိုးအောင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ် စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ဌာနကြီးမှူးများ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက် ကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဂုဏ်ပြုအမှာစကားပြေားကြားကာ ၂၀၂၂-၂၂၃ ပညာသင်နှစ်ထောက်ပံ့ကြေးများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၃)ဦးကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

           

ထို့နောက် (၃)ဘာသာ ဂုဏ်ထူးရှင် (၁)ဦးနှင့် (၂)ဘာသာ ဂုဏ်ထူးရှင် (၂)ဦးတို့ကို ဒါရိုက်တာအဖွဲ့ဝင် (၂)က လည်းကောင်း၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၁)ဦးတို့အား ဒါရိုက်တာအဖွဲ့ဝင် (၃)မှလည်းကောင်း၊ ရိုးရိုးအောင်မြင်သူ (၁၇)ဦးတို့ကို အမှုဆောင်အရာရှိချုပ်က လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများ ကိုယ်စား(၅)ဘာသာဂုဏ်ထူးရှင် ကျောင်းသူ (၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)