ပြည်ကြီးတံခွန်  ၇  ဇူလိုင်

 

World Vision Myanmar မှ COVID-19  RESPONSE တုန့်ပြန်ဆောင်ရွက်ရေးအစီအစဉ်ဖြင့် ပြည်ကြီး တံခွန်မြို့နယ်အတွင်းရှိ Public Area များအတွက် ခြေနင်းလက်ဆေးရေစင် ခုရေ (၆၀) အား ထပ်မံ လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း World Vision Myanmar မှစီမံချက်မန်နေဂျာ ဦးစိုင်းဇော်မွန်းထံမှ သိရသည်။

 

ခြေနင်းလက်ဆေး ရေကန်များကို ပြီးခဲ့တဲ့ ဇွန်လက လူဝင်လူထွက်များသော နေရာများ၊ ဌာနဆိုင်ရာ အချို့နှင့် ရပ်ကွက်ရုံးများအား စုစုပေါင်း (၄၀) လှူဒါန်းပေးခဲ့ပါတယ်၊ ယခု ဇူလိုင်လထဲမှာ ခြေနင်းလက်ဆေး ရေကန် (၆၀)ထပ်မံ လှူဒါန်းဖို့ မှာထားပြီးပါပြီ၊ မြို့နယ်အတွင်းမှာရှိတဲ့ Public Area များကို လှူဒါန်းပေးသွားမှာပါ ဟု World Vision Myanmar မှ စီမံချက်မန်နေဂျာ ဦးစိုင်းဇော်မွန်း က ပြောကြားသည်။

 

World Vision Myanmar မှ COVID-19  RESPONSE တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်ဖြင့် ပြည်ကြီး တံခွန်မြို့နယ်အတွင်းမှာရှိတဲ့ World Vision Myanmar မှ စီမံချက်တွင် ပါဝင်သော ကလေးငယ် ၃၂၀ဝ ၏ မိသားစုဝင် အိမ်ထောင်စု(၃၂၀ဝ) ကို အိမ်ထောင်စုတစ်စုလျှင် ဆန်(၁၂)ပြည်၊ ဆီတစ်ပိဿာ နှုန်းဖြင့် ထောက်ပံ့ပေးခြင်း၊ မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ဆောင်ရွက်ရေး ကော်မတီသို့ PPE ဝတ်စုံ ၂၀ဝ နှင့် နှာခေါင်း စည်းများ၊ လက်အိတ်များ လှူဒါန်းခြင်း၊ ခြေနင်းလက်ဆေး ရေကန်များ လှူဒါန်းပေးခြင်းများအား ဆောင်ရွက်ခဲ့ရာ ယခုလအတွင်း ခြေနင်းလက်ဆေးရေကန် (၆၀)ခု အား Public Area များ အတွက် ထပ်မံလှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)