နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် တရားမဝင်သိုလှောင်ထားသည့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ  ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် ဖမ်းဆီးရမိDescription: \\MAINPC\Main(2)\2024 DATA\10. Daily Significant Case (2024)\01. January\23-1-2024 ATS 20 Lakhs, Ice 23 kg & Opium  75 kg (Su-30)\Photos\Mail Photos\viber_image_2024-01-23_20-47-42-117.jpg ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းထောင့်ရှိ ကျော်စိုး(ခ)အားလျံ ငှားရမ်းထားသည့် ဂိုဒေါင်အား သတင်းအရ ရှာဖွေရာ ဂိုဒေါင်အတွင်းမှ တရားမဝင်သိုလှောင်ထားသော ဆာလာအိတ် ၂၀၀ ဖြင့်ထည့်ထားသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဘီလီယံ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ကဖင်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်