ပြည် ၄ ဩဂုတ်
ပြည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ပြည်တောင်တန်းတောရ မရှိခဏဆရာတော် ဦးကုဝေရ ဦးစီးကျင်းပသော မရှိခဏဆေးဖောင်ဒေးရှင်း၏ ဆေးအလှူတော်ပွဲကြီးကို ပြည်မြို့ဘုရင့်နောင်လမ်းရှိ မရှိခဏကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
အဆိုပါ ဆေးလှူဒါန်းပွဲတွင် ပြည်မြို့ရှိ ပြည်တောင်တန်းတောရကျောင်းများ၌ သီတင်းသုံးနေထိုင်လျက်ရှိ သော ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ စုစုပေါင်း အပါး (၁၂၀)အား တစ်ပါးလျှင် ငွေကျပ်သုံးသောင်းတန်ဖိုးရှ ိဆေးပစ္စည်းများ လှူဒါန်းခဲ့သည်။
ပြည်တောင်တန်းတောရကျောင်များမှ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာစွာ သာသနာ့အကျိုး သယ်ပိုးထမ်းရွက်နိုင်ရန် ရည်ရွယ်၍ ယင်းသို့ဆေးလှူဒါန်းခြင်းကို ၂၀၁၂ ခုနှစ်က စတင်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်တွင် (၉)ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ကြောင်း မရှိခဏ ကျောင်းတိုက်ဆရာတော် ဦးကုဝေရက မိန့်ကြားသည်။
မင်းမင်းစိုး(ပြန်/ဆက်)