ပြည်  ၂၂  သြဂုတ် 

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် သြဂုတ် ၂၂ ရက် ယနေ့ နံနက်ပိုင်းက စတင်ကာ မြို့အဝင် နဝဒေးတံတားထိပ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍  စစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းပူးပေါင်းဆောက်ရွက်ခြင်းတွင် မြို့နယ်ကိုဗစ်ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် မြို့ပေါ်ရှိအရပ်ဘက် ပရဟိတလူမှုကူညီရေး အဖွဲ့အစည်းများပါဝင်ပြီး ယင်းပူးပေါင်း အဖွဲ့ဝင်များက နေ့စဉ် နံနက် ၄ နာရီမှ ၈ နာရီအထိ တစ်ဆိုင်း၊ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ တစ်ဆိုင်းနှင့် ညနေ ၄ နာရီမှ ည ၁၂ နာရီအထိ တစ်ဆိုင်းတို့ဖြင့် အဆိုင်း သုံးဆိုင်းခွဲကာ COVID-19 ကြိုတင် ကာကွယ်ရေး စစ်ဆေးမှုတာဝန်များကို စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။  

 

မျိုးကျော်ကြီး(ပြန်/ဆက်)