ပြည် ၈ စက်တင်ဘာ
နိူင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) (ကျေးလက်မီးလင်းရေးစီမံကိန်း) အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သစ်ချီတင် ကျေးရွာအုပ်စု ရှမ်းကုန်းကျေးရွာတွင် ယမန်နေ့မှ စတင်၍ လျှပ်စစ်မီးစတင်ထွန်းလင်း ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ -" အသက် ၅၀ကျော်ကာမှ ရွာမှာလျှပ်စစ်မီးလင်းတာ ဒီတစ်ခါပဲကြုံဖူးတော့တယ်၊ ကျေးရွာပြည်သူတွေဝမ်းသာလွန်းကြလို့ ထတောင်ခုန်ကြတယ်၊ အရမ်းပီတိဖြစ်မိတယ်၊ ပျော်ပါတယ်ဟု" အဆိုပါကျေးရွာမှ ဦးဝင်းလှိုင် က ဝမ်းသာစကားဆိုသည်။
ယင်းကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (NEP) အစီအစဉ်ဖြင့် (၁၀၀)KVA ထရန်ဖော်မာ(၁) လုံးတပ်ဆင်ခဲ့ပြီး (၁၁)KV လိုင်းသွယ်တန်းခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာနေပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် မီတာတန်ဖိုးနှင့် (၄၀၀)KV လိုင်းကြိုးသွယ်တန်းမှုအတွက်သာကျခံရကြောင်းသိရှိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


