တောင်ကြီး       ဇူလိုင်       ၂၂

 

ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(/၂၀၂၂)ကို ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြည်နယ်အတွင်းရှိ စိုက်ပျိုးလုပ်ကိုင်ရန် မဖြစ်ထွန်းသည့် မြေများနှင့် မြေလွတ်၊ မြေရိုင်းများကိုလည်း ပြည်သူများ အမှန်တကယ် အကောင်အထည်ဖော်လိုသည့် လုပ်ငန်းအပေါ် မူတည်ပြီး လျှောက်ထားလာပါက အမြန်ဆုံး စိစစ် ထောက်ခံ တင်ပြခြင်း၊ ခွင့်ပြုပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း”စသည်ဖြင့် အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များကို လယ်ယာမြေ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (/၂၀၂၂) ဆုံးဖြတ်ချက်များ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(/၂၀၂၂) ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (/၂၀၂၂)တင်ပြချက်များနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)