ဟားခါး ၂၇ သြဂုတ်

ပြည်နယ်အဆင့် ဒေသအလိုက်ပိုလီယို ကာကွယ်ဆေး အပိုဆောင်း အစုလိုက်တိုက်ကျွေးခြင်း လုပ်ငန်းများကို သြဂုတ် ၂၆  ရက် နံနက် ၉ နာရီမှစတင်၍ ဟားခါးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးနှင့် သတ်မှတ်စုရပ်အသီးသီးတွင် ကာကွယ်ဆေးများတိုက်ကျွေးလျက်ရှိသည်။

အဆိုပါ သူငယ်နာအကြောသေရောဂါ (ပိုလီယို) ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက် (၅) နှစ်အောက် ကလေးငယ်များအား တိုက်ကျွေးလျက်ရှိပြီး ဒေသအလိုက် ပိုလီယို ကာကွယ်ဆေး အပိုဆောင်း အစုလိုက် တိုက်ကျွေးခြင်းလုပ်ငန်းကို သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း  ခရိုင်(ပြန်/ဆက်)မှ  သိရသည်။

MDN