ဟားခါး ၁၆ ဇူလိုင်                   

ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  (COVID-19) စီးပွားရေးအစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ကာရာနီဘုရား ကျောင်း၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားကာ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးသိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ဦးစွာရှင်းလင်းပြောကြားပြီး စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများနှင့်ပတ်သက်၍ သင်တန်းမှပို့ချသည့် သင်ခန်းစာများကို  အလေးထားလိုက်နာသင်ယူကြရန်၊ လူသုံးကုန်နှင့် ရိုးရာလက်မှု ပညာများ၊ အသက်မွေးဝမ်းကျောင်းပညာများအား အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ တစ်နှစ်လျှင် သင်တန်းပေါင်း (၄၀၀)ကျော်နှင့် သင်တန်းသားဦးရေ (၁)သောင်းခန့် မွေးထုတ်ပေးလျက်ရှိကြောင်း ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယဦးစီးမှူး ဦးစိုးသိန်း ထံမှ သိရသည်။

 

အဆိုပါ လူသုံးကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်းသို့ ဟားခါးမြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်(၁၆)နေ့မှစ၍ (၆) ရက်ကြာသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)