မိုင်းခုတ် စက်တင်ဘာ ၁၉
ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူလျင်မြန်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မိုင်းခုတ်-မိုင်းဆတ် ပြည်ထောင်စုလမ်း အရှည် ၁ ဒသမ ၁၅ ကီလိုမီတာ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့အထွက် မိုင်းခုတ်-မိုင်းဆတ် ပြည်ထောင်စုလမ်း အရှည် ၁ ဒသမ ၁၅ ကီလိုမီတာ၊ ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၂ ဒသမ ၅၈၃ သန်းဖြင့် မိုင်းခုတ်မြို့လမ်းဦးစီးဌာနမှ ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယနေ့အထိ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)