မော်လမြိုင် စက်တင်ဘာ ၃
၂၀၂၂ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ်၊ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၂ ရက် ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသား အားကစားကွင်း၌ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် ၀န်ကြီးချုပ်က ဗိုလ်လုပွဲစဉ်အဖြစ် ပေါင်မြို့နယ် ဘောလုံးအသင်းနှင့် သံဖြူဇရပ်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံး ကစားသမားဆု၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများကို ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)