နေပြည်တော်  ဒီဇင်ဘာ  ၁၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ ဝန်ထမ်းများ၏ ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တက်ရောက်အားပေးသည်။

 

အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်း အခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် အာဆီယံ ကြက်ငှက်တုပ်ကွေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး” အတွေ့အကြုံများ၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်မဲခေါင်ရေချိုလင်းပိုင်နှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် စီမံခန့်ခွဲမှုနှင့် ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းအစီအစဉ် ဖော်ဆောင်ခြင်းဆိုင်ရာဒေသတွင်း အလုပ်ရုံ ဆွေးနွေးပွဲအတွေ့အကြုံများ၊ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပ ပြုလုပ်ခဲ့သည့် တစ်ခုတည်းသော ကျန်းမာရေးဆိုင်ရာ ကနဦးဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက် ထုတ်ပြန်နိုင်ရေးအတွက် ကဏ္ဍစုံညှိနှိုင်းအစည်းအဝေးအတွေ့အကြုံများ၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြု လုပ်ခဲ့သည့် အာဆီယံဒေသတွင်း ခွေးရူးပြန်ရောဂါပပျောက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး” အတွေ့အကြုံများထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်  “ဂေဟစနစ်ကိုအခြေခံသည့် ငါးလုပ်ငန်းစီမံခန့်ခွဲမှု အတွက် စီမံခန့်ခွဲမှု နည်းလမ်းများ ဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ အတွေ့ အကြုံများ၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အဏ္ဏဝါရေပြင်ရှိသေးငယ်သော ပလပ်စတစ် အပိုင်းအစများနှင့် ပင်လယ်ရေပြင်အတွင်းစွန့်ပစ်သည့် အမှိုက်များအားနမူနာ ကောက်ယူ၍ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်း ဆိုင်ရာဒေသတွင်း လုပ်ငန်းခွင်ဆွေးနွေးပွဲ အတွေ့အကြုံများကို  သက်ဆိုင်ရာ ကိုယ်စားလှယ်များက တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက သုံးသပ် ဆွေးနွေးကြသည်။

 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)