နေပြည်တော်၊ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဒေသကြီးရှိ Teminal များသို့ ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာ သိုလှောင် ကန်များသို့ နိုဝင်ဘာ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် စက်သုံးဆီတင်သင်္ဘော သုံးစီးမှ စက်သုံး ဆီများအား ချယူဖြည့်တင်းပေးလျက်ရှိပြီး ထပ်မံ၍ ဆီချယူဖြည့်တင်းရန် အသင့်စောင့် ဆိုင်းနေသည့် စက်သုံးဆီတင်သင်္ဘောတစ်စီးရှိကြောင်းနှင့် ထပ်မံဝင်ရောက်မည့် စက်သုံး ဆီတင်သင်္ဘောများရှိကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ် (Bowser) များဖြင့် နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၉၆ဝ) ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၃၁၁ စီးဖြင့် 92 Ron ဂါလန် (၁ သန်း ၄ သိန်း ၇ သောင်းကျော်)၊ 95 Ron ဂါလန် (၃ သိန်း ၃ သောင်းကျော်)၊ ဒီဇယ်ဆီ ဂါလန် (၁ သန်း ၄ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ (၁ သန်း ၂ သောင်းကျော်)ကို ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် ပြည်သူများအနေဖြင့် စက်သုံးဆီများကို အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲလျက်ရှိ ကြောင်းနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်