၂၂-၉-၂၀၂၀ ရက်၊ ဆိုးလ်

 

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့သည် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၂၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ရေး စီစဉ်ပေးခဲ့သည်။ အဆိုပါလေယာဉ်သည် ၂၂-၉-၂၀၂၀ ရက်နေ့တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၀၅ နာရီအချိန် တွင် ထွက်ခွာခဲ့ပြီး ဘရာဇီးလ် မှ (၁) ဦး၊ ကနေဒါမှ (၃) ဦး၊ ချက်သမ္မတနိုင်ငံမှ (၁) ဦး၊ ပြင်သစ်မှ (၁) ဦး၊ ဂျာမနီမှ (၃) ဦး၊ အိန္ဒိယမှ (၁) ဦး၊ အင်ဒိုနီးရှားမှ (၄) ဦး၊ အီတလီမှ (၁) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ (၇၂) ဦး၊ နော်ဝေမှ (၃) ဦး၊ သီရိလင်္ကာမှ (၁) ဦး၊ ဗြိိတိန်မှ (၂) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၀) ဦး၊ ဗီယက်နမ်မှ (၅) ဦးနှင့် စီးပွားရေး လုပ်ငန်းရှင်နိုင်ငံခြားသား (၂၁) ဦး၊ စုစုပေါင်း (၁၂၉) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြသည်။

 

လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

#Ministry_of_Foreign_Affairs_Myanmar