၁၁ စက်တင်ဘာ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်း (Manila Bay)တွင် ကျောက်ချရပ်နားထားခဲ့သော ဂရိနိုင်ငံပိုင် MV ALONISSOS သင်္ဘောလိုင်းမှ မြန်မာသင်္ဘောသား အမှုထမ်းစုစုပေါင်း (၂၂) ဦးနှင့် အခြားမြန်မာနိုင်ငံသား(၁၀) ဦး ၊ စုစုပေါင်း (၃၂) ဦးတို့သည် SEA TRADERS S.A ကုမ္ပဏီနှင့် မြန်မာသံရုံး ၊ မနီလာမြို့တို့ ပူးပေါင်းစီစဉ်သည့် နဝမအကြိမ်မြောက် MAI Relief Flight ကယ်ဆယ်ရေး စင်းလုံးငှား အထူးလေယာဉ်ခရီးစဉ်အမှတ်(8M 4002) ဖြင့် မနီလာမြို့၊ NAIA အပြည်ပြည်လေဆိပ်မှ ယနေ့ ၁၁-၉-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ (၁၆:၄၂) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြန်မာပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပြီဖြစ်ပါသည်။

အဆိုပါ ခရီးစဉ်နှင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Crd - Ministry of Foreign Affairs Myanmar