နေပြည်တော် ၅  နိုဝင်ဘာ

COVID-19 ကူးစက်ရောဂါကာလအတွင်း ပြည်ပနိုင်ငံများတွင် သင်္ဘောဆင်း၍ စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့ နှင့် Crew Change Supporting Committee-Myanmar တို့၏ စီစဉ်မှုဖြင့် ယနေ့၊ ၅-၁၁-၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့သည်။

 

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၄ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာသင်္ဘောသား (၁၂၉) ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၄) ဦးနှင့် ဩစတြေး လျနိုင်ငံမှ (၂) ဦး၊ စုစုပေါင်း (၁၃၅) ဦးတို့ စီးနင်းလိုက်ပါသွားသည်။

 

လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။

#နိုင်ငံခြားရေးဝန်ကြီးဌာန