(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၅) ရက်

 

မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ (၂၅-၈-၂၀၂၀) ရက်နေ့တွင် ရောက်ရှိခဲ့သည့် -

 

ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်ကြမည့် -

လက်ထောက်ဆရာဝန် (၃) ဦး၊

သွားနှင့်ခံတွင်းဆရာဝန် (၁) ဦး၊

ပြည်သူ့ကျန်းမာရေးဆရာမကြီး (၁) ဦး၊

အထက်တန်းသူနာပြု (၅) ဦးနှင့်

သူနာပြု (၁၂) ဦး တို့ကို

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ပါသည်။

 

အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ခဲ့ပါသည်။

 

Credit #Ministry of Health and Sports, Myanmar