နေပြည်တော် ၂၂ မေ
ပြည်သူ့လွှတ်တော်၊အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကော်မတီမှတာဝန်ယူဆောင်ရွက်ရသည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများ၊ အဆိုများ၊ အစိုးရအဖွဲ့အစည်းများနှင့် အပြန်အလှန် ထိန်းညှိဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းကြရာ ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
သတင်းစဉ်