နေပြည်တော် ၄ ဇွန် 
    

 

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့်သည် National Enlightenment Institute (NEI) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3)အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ် ကော်မတီမှ တာဝန်ယူဆောင်ရွက်ရသည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများ၊ အဆိုများ၊ အစိုးရအဖွဲ့အစည်းများနှင့် အပြန်အလှန် ထိန်းညှိဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး National Enlightenment Institute (NEI) အဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။ 

 


သတင်းစဉ်