နေပြည်တော် ၁၀ မေ
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် PRIME Farms Myanmar Co.,Ltd အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိသော စပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်ပြီးတောင်သူတို့၏ စိုက်ပျိုးထုတ်လုပ်မှုစွမ်းဆောင်ရည်တိုးတက်လာစေရန်၊ စိုက်ပျိုးရေကို ပိုမိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ လူမှုစီးပွားဘဝမြင့်မားလာစေရန် ဆောင်ရွက်ခြင်းများ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ထောက်ပံ့ပေးနိုင်သောမူဝါဒအား ကောင်းလာစေ ရန် ဆောင်ရွက်ခြင်းတို့အား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)