နေပြည်တော် ၂၄ ဇူလိုင်

 


ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ၊ မျှော်မှန်းချက်ရလဒ်များ၊ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းမြို့နယ်များ စသည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြရာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ တာဝန်ရှိသူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။ 

 


သတင်းစဉ်