နေပြည်တော် ၂၅ ဇူလိုင်
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း မြူးနစ်ရုံးမှ တောင်နှင့်အရှေ့တောင်အာရှဒေသ ဌာနအကြီးအကဲ Mr. Stefan Burkhardt အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း အနေဖြင့် မြန်မာလွှတ်တော်များသို့ အကူအညီပေးလျက်ရှိသည့် ကိစ္စရပ်များအား ပိုမိုဆောင်ရွက်ပေးရေး၊ လွှတ်တော်အကျိုးပြုလုပ်ငန်းများမှတစ်ဆင့် ပြည်သူများအကြား လွှတ်တော်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးဆိုင်ရာများ၊ ပြည်သူ့ဆက်ဆံရေးကဏ္ဍများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများအား နည်းပညာ အကူအညီများပေးနိုင်ရေးနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချိုနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


