နေပြည်တော်  ၆  ဇွန်


ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Supreme Trading Company Limited အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် ၁၃၅ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံ မြို့နယ်ခွဲ၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် LNG သဘာဝဓါတ်ငွေ့ရည်နှင့် စွန့်ပစ် အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတို့၏ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)

 

1