နေပြည်တော် ၃ ဇွန်
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် ဖင်လန်နိုင်ငံTrimble Solutions Oy မှ Regional Director Mr. PekkaHamalainen နှင့်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မွန်ပြည်နယ်တွင် Public - Sector Investment Facility (PIF) စီမံကိန်းလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ခေတ်မီနည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများအား ဖင်လန်နိုင်ငံမှ အကူအညီဖြင့်ဆောင်ရွက်မည့်ကိစ္စရပ်နှင့် လျှပ်စစ်ဓါတ်အားဆုံးရှုံးမှု လျှော့ချရေးလုပ်ငန်းအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်