နေပြည်တော် ၂၉ ဩဂုတ်

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဦးစောသည် ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်များ လူမှုကူညီရေး အသင်းနှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များက ဓာတ်ခွဲခန်း ကျွမ်းကျင်သူ လုပ်သက်ရင့် ဝန်ထမ်းများအား ရာထူးတိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်အကြံပြု ဆွေးနွေးကြသည်။

သတင်းစဉ်