ဖာပွန် ၁၈ ဧပြီ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပြည်သူများ​သောက်သုံး​ရေရရှိ​ရေးအတွက် ​ရေအရင်းအမြစ် ကွင်းဆင်းရှာ​ဖွေခြင်းကို ယ​နေ့နံနက် ၈ နာရီအချိန်က ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖာပွန်မြို့ရှိ ပြည်သူများအတွက် ​သောက်​သုံး​ရေရရှိ​ရေး Gravity flow system ဖြင့်​ပေး​ဝေနိုင်​ရန် ဖာပွန်မြို့ ခေါ်ပုတ်​တောင်​ပေါ်တွင် ​ရေအရင်းအမြစ် သွား​ရောက်ရှာ​ဖွေခဲ့​ကြောင်း အဆိုပါ​ရေအရင်းအမြစ် ကွင်းဆင်း​ရှာ​ဖွေဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်လဲ့လဲ့မွန်နှင့် ဝန်းထမ်းများက​ ဆောင်ရွက်ခဲ့​ကြောင်း၊​ နွေရာသီ​ရေရှားပါးမှုပြဿနာကို ​ဖြေရှင်း​ပေးနိုင်ရေး ရည်ရွယ်လုပ်​ဆောင်​ခဲ့ခြင်းဖြစ်​ကြောင်းနှင့်​ ရေး​ပေး​ဝေမှုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်​နိုင်​ရေးအတွက် ကြိုတင်ကွင်းဆင်းခဲ့ခြင်းဖြစ်​ကြောင်း မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ သိရှိရသည်။

စိုင်း​ကျော်ဝဏ္ဏ၊ တိုး​ဝေဇင်(ပြန်ဆက်)