ဖာပွန် ၁၈ ဧပြီ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပြည်သူများသောက်သုံးရေရရှိရေးအတွက် ရေအရင်းအမြစ် ကွင်းဆင်းရှာဖွေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့ရှိ ပြည်သူများအတွက် သောက်သုံးရေရရှိရေး Gravity flow system ဖြင့်ပေးဝေနိုင်ရန် ဖာပွန်မြို့ ခေါ်ပုတ်တောင်ပေါ်တွင် ရေအရင်းအမြစ် သွားရောက်ရှာဖွေခဲ့ကြောင်း အဆိုပါရေအရင်းအမြစ် ကွင်းဆင်းရှာဖွေဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်လဲ့လဲ့မွန်နှင့် ဝန်းထမ်းများက ဆောင်ရွက်ခဲ့ကြောင်း၊ နွေရာသီရေရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ရေး ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရေးပေးဝေမှုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ကွင်းဆင်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)