ကန်ပက်လက်       ၉   စက်တင်ဘာ

           

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ပြည်သူများအား မလိုအပ်ပဲ အပြင်မထွက်ကြရန် တိုက်တွန်း နှိုးဆော်မှုများကို မြို့ပေါ်ရှိလူအများသွားလာသည့် နေရာများတွင် ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ တိုက်တွန်းနှိုးဆော်မှုများကို ဌာနဆိုင်ရာများမှ လူအများသွားလာသည့်နေရာများတွင် လော်စပီကာဖြင့် ကြေငြာပေးခြင်း၊ လမ်းသွားလမ်းလာများကို ပညာပေးခြင်းနှင့် မြို့တွင်း၌လည်း ကားဖြင့် လှည့်လည်တိုက်တွန်းနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။

 

ယင်းသို့တိုက်တွန်း နှိုးဆော်ကြရာတွင် မလိုအပ်ပဲ အပြင်မထွက်ကြရန်၊ မဖြစ်မနေထွက်ရမည်ဆိုလျှင် တစ်ဦးတည်းထွက်ရန်၊ Mask တပ်ရန်နှင့် အခြားကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ကြရန်ဖြစ်ပြီး အသိပညာပေးဗွီနိုင်းများကိုလည်း လမ်းဆုံလမ်းခွ နေရာများတွင် စိုက်ထူသွားကြမည်ဖြစ်ကြောင်း သိရပါသည်။

 

ကိုလိန်း(ပြန်/ဆက်)