နေပြည်တော် ဧပြီ ၅
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက် ကျင်းပနိုင်ရန် ဝန်ကြီးဌာနများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ယိမ်းအကကြိုတင် လေ့ကျင့်နေမှုကို ပြည်ထာင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သေသပ်စွာ ဝတ်စားဆင်ယင်ကြရန်၊ မျက်နှာအမူအရာ ပြုံးရွှင်စေရန်၊ ကိုယ်နေဟန်ထား ကြော့ရှင်းလှပမှုရှိစေရန် ယိမ်းကကွက်များ ညီညာစေရန် စသည်ဖြင့် လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်တွင် “မူယာကြော့” “တစ်နှစ်နွမ်း တစ်နှစ်ဆန်း” “မြူမှောင်ဝေကင်း” တေးသီ ချင်းတို့ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်