နေပြည်တော်  ဇူလိုင် ၂၈

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မျိုးဆက်သစ် ဓမ္မစင်တာပရဟိတကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ မြို့ထောင့် ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ဓမ္မမေဒနီစာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မြစိမ်းရောင်စာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ကျွန်းကလေးပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်