နေပြည်တော် ဩဂုတ် ၁၇
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ပေါက်မြိုင် ကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အေးစေတီတောင်ပေါ်ကျောင်းသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ရွှေသိမ်တော်ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ ငါးမျက်နှာ စေတီတော်မြတ်ကြီးကျောင်းတိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ဘဝမ်းပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)