နေပြည်တော် ဧပြီ ၁၂
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ တောင်တန်း သာသနာပြု ကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ရှိ ရေဝန်းမင်းသား စာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဝဲပျံစာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ရက္ခပူရ သာသနာလင်္ကာရ ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ဇေယျသုခကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ခါးရိုးပရိယတ္တိစာသင်တိုက်တို့သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်