နေပြည်တော် စက်တင်ဘာ ၁၆

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း ခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းကန်ဦးကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဃောသိတာရာမ ကျောင်းတိုက်၊  မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ စိန်မမပါဠိတက္ကသိုလ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေညောင်ပင် ပရိယတ္တိစာသင်တိုက်၊  ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယသာသနာ့ ဗိမာန်ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ခေမာသိဒ္ဓိ မင်းကျောင်းတိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဥက္ကံသာရာမရွှေ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ကျိုက်ဇမျှားကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ဝေယံဘုံမြင့်ကျောင်းတိုက်၊  မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ့ ဇောတိကာရုံ ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မြနန္ဒာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ဇောတနာ ရာမကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ရှမ်းပိဋိကတ်၊ စဝ်စံထွန်း ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)